မင်္ဂလာပါခင်ဗျာ။
ခုတလောမှာ Fb acc တွေလော့ကျတယ်ဆိုပြီး ခဏခဏ
ကြားနေရလို့ ဒီ Post လေးရေးသားခဲ့တာပါ။ ဆရာကြီးလည်းမဟုတ်ပါ။တတ်သိသလောက် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။
ခု ကျနော် တင်ပြမဲ့နည်းလေးတွေသုံးရင် Fb acc လော့ကျခြင်းကို 65% ကာကွယ်နိုင်မယ်လို့မျှော်လင့်မိပါတယ်။
၁။ Acc ဖွင့်ခြင်း
အကောင့်ဖွင့်တာကတော့ကြိုက်တဲ့နည်းနဲ့ဖွင့်ပေါ့နော်။ Ph no ပဲဖြစ်ဖြစ်
Emailနဲ့ပဲ ဖြစ်ဖြစ်
as u like ပါ။
အကောင့်ဖွင့်ပီးတာနဲ့ ပထမဆုံးလုပ်ရမှာက Email confirm လုပ်ခြင်းပါ။
Ph no နဲ့လုပ်တဲ့ User တွေကတော့ မလိုဖူးထင်ပါတယ်။
Email နဲ့ကိုကိုတွေ မမတွေက
Confirm လုပ်ရပါမယ်။
Email ထဲသွား>>>Fb က ပို့လိုက်တဲ့ Code ကို ယူ>>
Fb ဆီပြန်လာ ဖြည့်
Ok ဒါဆို တစ်ဆင့်ပီးပီ
ဒုတိယတစ်ဆင့်က
Profile picture ထည့်ပါ
cover photo ထည့်ပါ
အဲ့လိုမဟုတ်ရင် Fb က သင့်ကို
Fake acc ဆိုပီး
လော့ချပလိုက်ပါလိမ့်မယ်။
အဲ့လိုထားပီးရင်
တတိယအဆင့်
Fri 5ယောက်Add ပါ
၅ယောက်ထက် ပို မအပ်ပါနဲ့။
ငါးယောက်ပြည့်ရင် Post
တစ်ခုတင်ထားပါ။
Page တွေ Like လုပ်လိုက်ပါ
NF မှာ သတင်းတွေတတ်လာပါလိမ့်မယ်။
အို ကေ ဒီအဆင့်ရောက်ရင် Ok ပြီ။
၂။ Fri add ခြင်း
Fri ကို စဖွင့်တုန်းဆို
၅ယောက် Add ပါ
တစ်နေ့၅ယောက်add ပါ
Fri accept ကိုလဲ တစ်နေ့ ၇ယောက်သာ လက်ခံပါ။
အဲ့ဒါ ကို ဘယ်အချိန်ထိ လုပ်ရမလဲဆိုတော့ ၂ပတ်ကျော်လောက်ထိ လုပ်ပေးပါ။
၁လပြည့်ရင်တော့ ကဲတော့ပေါ့။
တစ်နေ့၁၅ယောက်အပြင် ပို မ add ပါနဲ့။
သေချာစဉ်းစားပေါ့။
Fri များ Like များ ဖို့က အရေးကြီးလား
ကိုယ့်အကောင့်လေး လော့မကျပဲ အမြဲသုံးနေရဖို့က အရေးကြီးလားဆိုတာ။
၃။ အကုန်ဖြည့်
ကိုယ်ရေးရာဇဝင်တွေဖြည့်ပေးပါ။
ဘယ်မှာအလုပ်လုပ်တယ်တို့
ဘယ်ကျောင်းးတတ်တယ်တို့
အာ့ က သင့်အကောင့် ကိုခိုင်မာစေပါတယ်။
၎။ Post မှန်မှန်တင်ပါ။
တစ်နေ့ တခုလောက်တင်ပေါ့။
ဒါမှမဟုတ် တနေ့တခုလောက် Share ပေါ့။
၅။Public တင်ပါ
ဆိုင်တော့မဆိုင်ပါဖူး
ဒါပေမဲ့ Post တင်ရင် Public လေး တင်ရင် ပိုကောင်းမယ်လို့
၆။ Messenger
သုံးပါ။
၇။ တွေ့သမျှ လိုက် add ပါနဲ့
၈။မြင်သမျှ like မလုပ်ပါနဲ့
ကိုယ်တကယ်ကြိုက်မှလုပ်ပါ။
ကျနော် ခုပြောခဲ့တဲ့နည်းလေးတွေကို သုံးကြည့်ပါ။ 65%
လော့ကျခြင်း ကင်းဝေးပါလိမ့်မယ်။
မကျဖူးလို့တော့ အာမ မခံပါဖူး။
တချို့ လုပ်ချင်သလိုလုပ်ပီး
မကျတဲ့သူတွေရှိသလို
အေးဆေးနေရင်း ကျသွားသူတွေတပုံကြီးပါ။
Facebook သုံးရင်း အားလုံးရွှင်လန်းနိုင်ကြပါစေ။
Lin Lat(နည်းပညာကျေးရွာကလေး)
Saturday, May 28, 2016
Facebook အကောင့် လော့ကျခြင်း ကင်းဝေးစေရန်နည်းလမ်းများ
Friday, May 6, 2016
ဖုန်းထဲမှာဖွက်ဖို့Vault app
ဘာဆော့ဝဲလေးလဲ မြင်တာနဲ့သိကြမှာပါ။
Vault ပါ
သူများ မမြင်စေချင်တဲ့ ဓာတ်ပုံတွေ
Videoတွေကို ဖွက်ထားလို့ရမယ့် appကောင်းလေးတစ်ခုပါ။ 100%
လုံခြုံပါတယ်။
ကိုကိုတွေအတွက်လည်းအဆင်ပြေမှာပါ။
(Do you know what I mean)
ပြောနေကြာတယ်ဗျာ။
ခုပဲ Download ဆွဲပီး ဖွက်စရာရှိတာတွေဖွက်လိုက်ကြရအောင်။
File size - 4.0MB
Download
ဒီမှာဒေါင်းပါဗျ
ကျေးဇူးတင်ပါတယ်ခင်ဗျ။
အဆင်ပြေကြပါစေ။
လင်းလက်(နည်းပညာ)
်
မင်္ဂလာပါ
ဒီ ဆိုဒ်လေးရဲ့ရည်ရွယ်ချက်ကတော့
နည်းပညာတွေကိုတတ်သိသလောက်မျှ
ှဝေချင်လို့ပါ။ ဒါကြောင့် အားပေးကြပါဦးလို့
ပြောကြားချင်ပါတယ်ခင်ဗျ။
Subscribe to:
Comments (Atom)